မိခင်လောင်းများအနေနှင့် မိမိရင်သွေးလေးကျန်းမာရေးနှင့် ညီညွတ်မျှတစေနိုင်သော အနေအထိုင် အစားအသောက်များအတိုင်း ပြုမူနေထိုင်သင့်ပါတယ် ။ မနက်စာကို မပျက်မကွက်စားသုံး ပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ရှိချိန်မှာ အစားအစားတစ်မျိုးမျိုးကို အရမ်းစားချင်တာမျိုး ဖြစ် တက်ပါတယ်။ ထိုသို့ ဖြစ်ခြင်းကို ချဉ်ချင်းတက်တယ်လို့ ခေါ်နိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင် လောင်းများအနေနှင့် ချဉ် ခြင်းတပ်သော အစားအစာများသည် တစ်ဦးနှင့်တစ်ဦး မတူညီပေမယ့် အများစုအနေနဲ့ကတော့ အပူအစပ် များ စားချင်စိတ် ပိုဖြစ်တတ်ကြ ပါတယ် ။ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ထက် ကျဆင်းနေပါတယ်။ ထို့ကြောင့်အစားအစာကိုကြေလွယ်နိုင်တာလေး တွေကို စားသင့်ပါတယ် ။ ရင်ပူတာတွေမဖြစ်စေဖို့အတွက် အသီးအနှံများ များများစားသင့်ပါတယ်။ တစ်နေ့တာလုံးအတွက် အစားအစာကို နည်းနည်းနှင့်တစ်ကြိမ်တည်းမစားဘဲ နည်းနည်းနဲ့ အကြိမ်ရေ များ များစားပါ။အရက်လုံးဝမသောက်ပါနှင့်…
၁။ ပြဒါးဓါတ်များသော ငါးများ ပြဒါးဓါတ်ဟာမိခင်ကို အန္တရာယ်ဖြစ်စေရုံမက ကလေးကို ပါ ဆိုးဝါးသည့်မွေးရာပါ ရောဂါများကိုပါရစေပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေဟာ အဆိုပါ ငါးမျိုးကို တစ်လ ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါတယ်။ ၄င်းတို့မှာ ညစ်ငြမ်းသော ပင်လယ်ရေတွင်ရှင်သန်သည့် ငါးမန်း၊ ဓါးရှည် နှုတ်သီးငါး ( swordfish), king mackerel, tuna နှင့် ပင်လယ်ငါး အများစုဖြစ်ပါတယ်။ Sushi မှာ ငါးအစိမ်းတွေပါဝင်တာ ကြောင့်မစားသင့် ပါဘူး။ ဒါပေမယ့် အဆီများပြီး ပြဒါးဓါတ်နည်းတဲ့ ရေချိုငါးတွေကိုတော့ တစ်ပါတ် နှစ်ကြိမ် စားသုံးခြင်းဖြင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ၂။ ငါးအစိမ်း (သို့) မကျက်တကျက်ချက်ထားသော ငါး (Shellfish ) အဆိုပါငါးများမှာ bacteria, viral…