Mammogram ဓါတ်မှန်စစ်ဆေးသင့်သောသူများ – အသက် ၄၀ မှ ၄၄ ကြား အမျိုးသမီးတိုင်း ဆန္ဒရှိပါက နှစ်စဉ် စစ်ဆေးသင့် အသက် ၄၅ မှ ၅၄ ကြား အမျိုးသမီးတိုင်း နှစ်စဉ် စစ်ဆေးသင့် အသက် ၅၅ နှစ် အထက် အမျိုးသမီးတိုင်း နှစ်နှစ်တစ်ကြိမ်ခန့် (သို့) နှစ်စဉ် စစ်ဆေးသင့် မိသားစုဝင်များတွင် ရင်သားကင်ဆာဖြစ်ပွားမူရှိသူ အမျိုးသမီးများသည်လည်း နှစ်စဉ်စစ်ဆေးသင့် ကိုယ်တိုင်ရင်သားစမ်းသပ်စစ်ဆေးခြင်းဖြင့်မိမိရင်သား၏ပုံမှန်အသွင်သဏ္ဍာန်နှင့် ပုံမှန်အခြေအနေကို သိရှိ နိုင်မည်ဖြစ်ပြီး ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက စောစီးစွာသိရှိပြီး ဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်နိုင် မည်ဖြစ်ပါသည် ။ ရင်သားကင်ဆာဖြစ်ပေါ်စေနိုင်သော အကြောင်းအချက်များ – 1. အမျိုးသမီးများသည် အမျိုးသားများထက် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ အဆ (100) ပိုပြီးမြင့်မား ပါသည်။ 2.အသက်အရွယ်ကြီးရင့်မှုသည်လည်းရင်သားကင်ဆာဖြစ်ပွားမှုကို…
မိခင်လောင်းများအနေနှင့် မိမိရင်သွေးလေးကျန်းမာရေးနှင့် ညီညွတ်မျှတစေနိုင်သော အနေအထိုင် အစားအသောက်များအတိုင်း ပြုမူနေထိုင်သင့်ပါတယ် ။ မနက်စာကို မပျက်မကွက်စားသုံး ပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ရှိချိန်မှာ အစားအစားတစ်မျိုးမျိုးကို အရမ်းစားချင်တာမျိုး ဖြစ် တက်ပါတယ်။ ထိုသို့ ဖြစ်ခြင်းကို ချဉ်ချင်းတက်တယ်လို့ ခေါ်နိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင် လောင်းများအနေနှင့် ချဉ် ခြင်းတပ်သော အစားအစာများသည် တစ်ဦးနှင့်တစ်ဦး မတူညီပေမယ့် အများစုအနေနဲ့ကတော့ အပူအစပ် များ စားချင်စိတ် ပိုဖြစ်တတ်ကြ ပါတယ် ။ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပုံမှန်ထက် ကျဆင်းနေပါတယ်။ ထို့ကြောင့်အစားအစာကိုကြေလွယ်နိုင်တာလေး တွေကို စားသင့်ပါတယ် ။ ရင်ပူတာတွေမဖြစ်စေဖို့အတွက် အသီးအနှံများ များများစားသင့်ပါတယ်။ တစ်နေ့တာလုံးအတွက် အစားအစာကို နည်းနည်းနှင့်တစ်ကြိမ်တည်းမစားဘဲ နည်းနည်းနဲ့ အကြိမ်ရေ များ များစားပါ။အရက်လုံးဝမသောက်ပါနှင့်…
၁။ ပြဒါးဓါတ်များသော ငါးများ ပြဒါးဓါတ်ဟာမိခင်ကို အန္တရာယ်ဖြစ်စေရုံမက ကလေးကို ပါ ဆိုးဝါးသည့်မွေးရာပါ ရောဂါများကိုပါရစေပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေဟာ အဆိုပါ ငါးမျိုးကို တစ်လ ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါတယ်။ ၄င်းတို့မှာ ညစ်ငြမ်းသော ပင်လယ်ရေတွင်ရှင်သန်သည့် ငါးမန်း၊ ဓါးရှည် နှုတ်သီးငါး ( swordfish), king mackerel, tuna နှင့် ပင်လယ်ငါး အများစုဖြစ်ပါတယ်။ Sushi မှာ ငါးအစိမ်းတွေပါဝင်တာ ကြောင့်မစားသင့် ပါဘူး။ ဒါပေမယ့် အဆီများပြီး ပြဒါးဓါတ်နည်းတဲ့ ရေချိုငါးတွေကိုတော့ တစ်ပါတ် နှစ်ကြိမ် စားသုံးခြင်းဖြင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ၂။ ငါးအစိမ်း (သို့) မကျက်တကျက်ချက်ထားသော ငါး (Shellfish ) အဆိုပါငါးများမှာ bacteria, viral…