
Mammogram ဓါတ်မှန်စစ်ဆေးသင့်သောသူများ –
ကိုယ်တိုင်ရင်သားစမ်းသပ်စစ်ဆေးခြင်းဖြင့်မိမိရင်သား၏ပုံမှန်အသွင်သဏ္ဍာန်နှင့် ပုံမှန်အခြေအနေကို သိရှိ နိုင်မည်ဖြစ်ပြီး ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက စောစီးစွာသိရှိပြီး ဆရာဝန် နှင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်နိုင် မည်ဖြစ်ပါသည် ။
ရင်သားကင်ဆာဖြစ်ပေါ်စေနိုင်သော အကြောင်းအချက်များ –
1. အမျိုးသမီးများသည် အမျိုးသားများထက် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ အဆ (100) ပိုပြီးမြင့်မား ပါသည်။
2.အသက်အရွယ်ကြီးရင့်မှုသည်လည်းရင်သားကင်ဆာဖြစ်ပွားမှုကို ပိုမိုမြင့်မားစေ ပါသည် ။
3. မိဘမျိုးရိုးဗီဇတွင် ကင်ဆာဖြစ်စေနိုင်သော Gene ပါရှိခြင်းသည်လည်း ရင်သားကင်ဆာ ဖြစ်စေ နိုင်ပါသည်။
4. သွေးသားတော်စပ်သူ (ဥပမာ – အမေ ၊ အစ်မ) များတွင်ရင်သားကင်ဆာ (သို့ ) သားဥအိမ်ကင်ဆာဖြစ်ပွားမှု ရှိခြင်းသည်သင့်တွင်လည်း ကင်ဆာဖြစ်နိုင်ချေမြင့်မားပါသည်။
5.ရင်သားကင်ဆာဖြစ်ပွားခဲ့ဘူးသူဖြစ်ပါကတူညီသောရင်သားတွင်ဖြစ်စေ နောက်တစ်ကြိမ်ဖြစ်ပွားနိုင်ခြေရှိပါသည်။
အစရှိသဖြင့် အကြောင်းအချက်များ တိုက်ဆိုင်သူများဖြစ်ခဲ့ပါက ဆရာဝန်၏အကြံပေးချက်အတိုင်း ရင်သားဓါတ်မှန် (Mammogram) ရိုက်ခြင်းကို ပြုလုပ်သင့်ပါတယ် ။