၁။ ပြဒါးဓါတ်များသော ငါးများ

ပြဒါးဓါတ်ဟာမိခင်ကို အန္တရာယ်ဖြစ်စေရုံမက ကလေးကို ပါ ဆိုးဝါးသည့်မွေးရာပါ ရောဂါများကိုပါရစေပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေဟာ အဆိုပါ ငါးမျိုးကို တစ်လ ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါတယ်။ ၄င်းတို့မှာ ညစ်ငြမ်းသော ပင်လယ်ရေတွင်ရှင်သန်သည့် ငါးမန်း၊ ဓါးရှည် နှုတ်သီးငါး ( swordfish), king mackerel, tuna နှင့် ပင်လယ်ငါး အများစုဖြစ်ပါတယ်။ Sushi မှာ ငါးအစိမ်းတွေပါဝင်တာ ကြောင့်မစားသင့် ပါဘူး။ ဒါပေမယ့် အဆီများပြီး ပြဒါးဓါတ်နည်းတဲ့ ရေချိုငါးတွေကိုတော့ တစ်ပါတ် နှစ်ကြိမ် စားသုံးခြင်းဖြင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၂။ ငါးအစိမ်း (သို့) မကျက်တကျက်ချက်ထားသော ငါး (Shellfish )

အဆိုပါငါးများမှာ bacteria, viral နဲ့ ကပ်ပါးပိုးတွေပါဝင်တဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ မိခင် ဝမ်းဗိုက်ထဲတွင် သန္ဓေသား ရုတ်တရက် သေဆုံးခြင်းတွေကို ဖြစ်စေပါတယ် ။ အထူးသဖြင့် Shellfish လို့ခေါ်တဲ့ ခရု၊ကမာ၊ ယောက်သွား၊ ခုံးကောင်၊ ပုဇွန်စိတ်၊ပင်လယ်ဂဏန်း၊ကျောက်ပုဇွန် တွေဘဲ ဖြစ်ပါတယ် ။

၃။ သားအစိမ်း

မကျက်တကျက်ချက်ထားသော ကင်ထားသော အသားများ ( အမဲသား၊ ဝက်သား ) ကို ရှောင်ကြည်သင့်ပါတယ်။
Deli meat လို့ခေါ်တဲ့ supermarkets တွေမှာရောင်းတဲ့ အေးခဲထားတဲ့ ဝက်အူချောင်း အသားပြား တွေကို စားသုံးမယ်ဆိုရင် သေသေချာချာကျက်အောင် ချက်သင့်ပါတယ်။ Harmburger, sandwiched တွေမှာပါနိုင်တဲ့အတွက် မစားသင့်ပါဘူး။ မိခင်ကို အစာအဆိပ်သင့်ဖြစ်စေသလို ကိုယ်ဝန်ပျက်ကျခြင်း သန္ဓေသား မမွေးမှီ သေဆုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ် ။

၄။ သားငါး ညက်ညက်ကြိတ်ထားသော အနှစ်

ဒီထဲမှာလဲ Listeria လို့ခေါ်တဲ့ bacteria ပါဝင်တာကြောင့် ကလေး မိခင်ဝမ်းဗိုက်အတွင်းသေဆုံးစသည့် ဆိုး ကျိုးတွေ ဖြစ်စေတဲ့အတွက် ရှောင်ကြည်သင့်ပါတယ် ။

၅။ ကြက်ဥ အစိမ်း

ကြက်ဥ အစိမ်း၊ ကြက်ဥနှင့်ပြုလုပ်ထားသည့် အစားအစာများ ( ပူတင်း၊ ဆော့၊ mayonnaise, custard ကြက်ဥနို့ပေါင်း, salad dressing အသုပ်ရန် စားမြိန်ရည်တွေမှာ salmonella လို့ခေါ်တဲ့ bacteria ပါ၀င်တာ
ကြောင့် မိခင်ရော သန္ဓေသားပါ အန္တရာယ်ရှိလို့ ရှောင်ကြည်သင့်ပါတယ်။ကျက်အောင် ချက်စားပါက စားသုံးနိုင်ပါတယ်။ ။ ကြက်ဥကို အကာရော အနှစ်ပါ ကျက်အောင်ချက်စားပါက စားသုံးနိုင်ပါတယ်။

၆။ အသီးအရွက်

အသီးအနှံ နဲ့ အရွက်တွေဟာ ကိုယ်ဝန်ဆောင် မိခင်တို့အတွက် သင့်တော်ပေမယ့် သေချာစွာ မဆေးကြောထားတဲ့ အသီးအနှံအရွက်တွေမှာ toxoplasmosis လို့ခေါ်တဲ့ ကပ်ပါးရှိနိုင်တာကြောင့် မိခင်သာမက သန္ဓေ သားကို ဆိုးရွားသော မွေးရာပါ ရောဂါများ ဖြစ်စေနိုင်တာကြောင့် အသီးများကို အခွံနွှာ၍လည်းကောင်း အရွက်များကို သေချာဆေးကြော ကျော်ချက်ခြင်းဖြစ်လည်းကောင်းစားသုံးသင့်ပါတယ် ။ အထူးသဖြင့် ဆ လပ်ရွက်ကို မစားသင့်ပါဘူး။ အသားငါး အသီးအနှံတွေကို ကိုင်တွယ်ပြီးပါက လက်ကို စင်ကြယ်အောင်ဆေး ကြောသင့်ပါတယ် ။

၇။ နွားနို့

ကောင်းစွာမကျိုချက်ထားတဲ့ နွားနို့ တွေကို မသောက်သုံးသင့်ပါဘူး။ ပြည်ပမှတင်သွင်းတဲ့ သန့်စင်ထားတဲ့နွားနို့ ( unpasteurized milk) တွေက အန္တရာယ်ကင်းပါတယ်။ တံဆိပ်ကိုသေသေချာချာ ဖတ်ဖို့လိုပါတယ်။အကောင်းဆုံးကတော့ ကျိုချက်ပြီးသာ သောက်သုံးသင့်ပါတယ်။

၈။ဒိန်ခဲ

ဒိန်ခဲမှာလဲ မသန့်စင်ထားတဲ့ နွားနို့နဲ့ ပြုလုပ်ထားတဲ့ ( unpasteurized milk) ဒိန်ခဲတွေဟာ ကိုယ်ဆောင်မိခင် တွေနဲ့ မသင့်တော်ပါဘူး။ အလွယ်ပြောရရင် ဒိန်ခဲပျော့တွေကို ရှောင်ကြည်သင့်ပါတယ် ( soft cheeses)

၉။ ကာဖင်း Caffeine

Caffeine ကို လက်ဖက်ရည်၊ ကော်ဖီ၊ ကိုကိုးဖျော်ရည် နဲ့ soft drink တွေမှာတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကာဖင်း ကို တစ်နေ့ ၂ ခွက်ထက်ပိုမသောက်သုံးသင့်ပါဘူး။ အလွန်အကျွံသောက်ခြင်းဖြင့် ကလေးကြီးထွားမှု နှေးခြင်းနှင့် နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရတတ်ပါတယ် ။

၁၀။ အရက် Alcohol

ကိုယ်ဆောင်မိခင်တွေဟာ အရက်ကို လုံး ရှောင်ကြည်သင့်ပါတယ် ။ အရင်သောက်ခြင်းဖြင့် သန္ဓေသားတွင် မွေးရာပါ Fetal Alcohol Syndrome လို့ခေါ်တဲ့နောက်ဆက်တွဲ ပြဿနာတွေအပြင် ကလေးသေဆုံးခြင်း ကြီး ထွားမှုနှေးကွေးမှုတွေကိုလဲ ခံစားရတတ်ပါတယ် ။

၁၁။ကိုယ်တွင်းအင်္ဂါ organ meat

ကိုယ်တွင်းအင်္ဂါတွေမှာ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အာဟာရပြည့်ဝစွာ ပါဝင်ပေမယ့်လဲ အများ အပြားစားသုံးတဲ့ အခါမှာ Vitamin A အဆိပ်သင့်ခြင်း ခံစားနိုင်တာကြောင့် မိခင်တွင်သာမက သန္ဓေသားတွင်
မွေးရာပါ ချို့ယွင်းချက်များကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ အနေ ကိုယ်တွင်းအင်္ဂါတွေကို တစ်ပါတ်တစ်ကြိမ်ထက်ပို၍ မစားသုံးသင့်ပါဘူး။ ဦးနှောက်၊ ကျောကပ်၊ အသဲ ၊ အစာအိမ်၊ ၀က်သားတုတ်ထိုး မစားသင့်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးနိုင်သင့်ပြီး အရည်အသွေးမြင့်မားသော ကိုယ်ဝန်ရရှိရန် သေချာစေသင့်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ကူညီရန်နှင့် မည်သည့်ထုတ်ကုန်များနှင့် ဒြပ်စင်များကို အသုံးပြုရန် အကောင်းဆုံးဖြစ်ကြောင်း အကြံပေးရန် ဝမ်းမြောက်စွာ အကြံပြုအပ်ပါသည်။ ဤဆောင်းပါးသည် သင့်အား ကူညီပေးမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ လှုပ်ရှားမှုများကို အချိန်အတော်ကြာ ပံ့ပိုးပေးခဲ့သည့် ကျွန်ုပ်တို့၏ အံ့သြဖွယ်စပွန်ဆာမှ ကျွန်ုပ်တို့အား ထုတ်ဝေခွင့်ကို ပေးအပ်ထားပြီး ၎င်းတို့အတွက် သင့်လျော်သည့် ပလက်ဖောင်းတစ်ခုအား အကြံပြုခြင်းဖြင့် ကျေးဇူးတင်လိုသော၊ ဂိမ်းကစားရတာကို နှစ်သက်သူမို့ ဒီဆိုဒ်က စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတွေကို အများဆုံးရွေးချယ်ပေးထားပါတယ်။ SlotoGate သည် bitcoin roulette casino တွင် သခင်ဖြစ်လာစေရန် ကူညီရန် ပြီးပြည့်စုံသောလမ်းညွှန်ချက်ဖြစ်သည်။ ဘောနပ်စ်ကမ်းလှမ်းမှုများနှင့်အတူ ဦးဆောင်အွန်လိုင်းကာစီနိုများတွင် ၎င်းတို့၏ အထူးအကြံပေးချက်များ၊ ဗျူဟာများနှင့် အချက်အလက်အားလုံးကို ရယူခြင်းဖြင့် – အောင်မြင်မှုအခွင့်အလမ်းများ သိသိသာသာတိုးလာမည်ဖြစ်သည်။ အာရုံစူးစိုက်ထားဆဲဖြစ်ပြီး ထိုကြီးမားသော ပေးချေမှုများအတွက် နေ့ရက်တိုင်းကို ရည်မှန်းထားစဉ်တွင် ပျော်ရွှင်စွာကစားပါ။

Author . Dr Wai Phyo

Write a comment:

*

Your email address will not be published.

For emergency cases        09-696-908-881